back

ရှမ်းပြည်၊တအောင်းဒေသမှာ မြို့နယ်အလိုက် စက်သုံးဆီစျေး အနည်းငယ် ပြန်ကျ

Apr 22 • 1:36 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်၊တအောင်းဒေသမှာ မြို့နယ်အလိုက် စက်သုံးဆီစျေး အနည်းငယ် ပြန်ကျ

ရှမ်းပြည်နယ်၊တအောင်းဒေသရှိမြို့နယ်များတွင် စက်သုံးဆီဈေးနှုန်းက ၉,၀၀၀ ကျပ်ထိ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတယ်လို့ သိရပါတယ်။မြန်မာ - တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ နမ...

ရှမ်းပြည်နယ်၊တအောင်းဒေသရှိမြို့နယ်များတွင် စက်သုံးဆီဈေးနှုန်းက ၉,၀၀၀ ကျပ်ထိ ဈေးနှုန်းအနည်းငယ်ကျဆင်းလာတယ်လို့ သိရပါတယ်။မြန်မာ - တရုတ်နိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့ရှိ "ဆိုင်လွယ်ဆိုင်" ပန့်ဆီဆိုင်မှာ ဓာတ်ဆီဈေးနှုန်း တစ်လီတာကို ၈,၅၀၀ ကျပ်နဲ့ ရောင်းချနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။မန်တုံမြို့ရှိ ငွေတောင်တန်း ပန့်ဆီဆိုင်မှာလည်း မနေ့ ဧပြီ ၂၁ ရက်အထိ ဓာတ်ဆီတစ်လီတာကို ၁ သောင်းကျပ်နှုန်းနဲ့ ရောင်းချနေပြီး နမ့်ဆန်နဲ့ နမ္မတူမြို့ရှိ ပန့်ဆီဆိုင်တွေမှာတော့ ဓာတ်ဆီတစ်လီတာကို ၁၃,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

news-view-count-icon

21