ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ တိရစ္ဆာန်လေးတွေ ပိုမိုကျန်းမာသန်စွမ်းစေဖို့နဲ့ ကောင်းကျိုးသုခ ရရှိနိုင်စေဖို့အတွက် အာဟာရဒါနကျွေးမွေးနိုင်ရေး "Feeding Program" ကို စနစ်တကျ စီမံပြီး စတင်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကနေ သိရပါတယ်။"Feeding Program" အစီအစဉ်ဟာ တိရစ္ဆာန်လေးတွေရဲ့ အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမက ပါဝင်သူတွေအတွက်လည်း ကုသိုလ်ရစေမဲ့ အလွန်ကောင်းမွန်တဲ့ အစီအစဉ်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။မွေးနေ့တွေ၊ အထိမ်းအမှတ်ရက်တွေနဲ့ ကုသိုလ်ပြုလိုတဲ့အချိန်တွေမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ တိရစ္ဆာန် လေးတွေအတွက် "Feeding Program" ဖြစ်တဲ့ 'အာဟာရဒါန' အစီအစဥ်မှာ ပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်တယ် လို့ ဆိုပါတယ်။
Apr 22 • 1:22 AM
Myanmar
Yangon
Share
| 25 | 0 | 0 | 0 |


