တောင်ကိုရီးယား သမ္မတ Lee Jae-myung ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း သမ္မတကတော် Kim Hae-kyung သည် နယူးဒေလီမြို့ရှိ Yashobhoomi ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပသည့် “K-Dream Stage: All India K-Pop Grand Championship 2026” ဖျော်ဖြေပွဲသို့ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ (တနင်္လာနေ့) တွင် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။အဆိုပါပွဲသည် အိန္ဒိယနိုင်ငံရှိ ကိုရီးယားယဉ်ကျေးမှုစင်တာက ၂၀၁၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်တွင်မူ ပြီးခဲ့သည့် ၅ နှစ်အတွင်း အဆိုနှင့် အကကဏ္ဍတွင် အနိုင်ရရှိခဲ့သူများ ပြန်လည်ယှဉ်ပြိုင်သည့် "Champion of Champions" ပုံစံဖြင့် ထူးထူးခြားခြား ကျင်းပခဲ့ခြင်းဖြစ်သည်။ ပွဲသို့ ဒေသခံပရိသတ် ၃,၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး သမ္မတကတော်နှင့်အတူ JYP Entertainment ၏ အမှုဆောင်အရာရှိချုပ် Park Jin-young လည်း တက်ရောက်ခဲ့သည်။သမ္မတကတော် Kim က ဖျော်ဖြေပွဲတွင် ပြောကြားရာ၌ အိန္ဒိယနိုင်ငံတွင် ကိုရီးယားယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှု မြင့်မားနေသည်ကို ကိုယ်တိုင်မြင်တွေ့ရသဖြင့် ဝမ်းမြောက်မိကြောင်းနှင့် ယဉ်ကျေးမှုသည် နိုင်ငံအချင်းချင်း ချိတ်ဆက်ပေးနိုင်သည့် စွမ်းအားရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဤကဲ့သို့သော အခမ်းအနားများမှတစ်ဆင့် နှစ်နိုင်ငံအကြား နားလည်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများ ပိုမိုတိုးတက်လာစေရန် မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
Apr 21 • 7:37 AM
South Korea
Local News
Share
| 9 | 0 | 0 | 0 |


