တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် လူတူစက်ရုပ်များနှင့် အပျော်တမ်းအပြေးသမားများ ပါဝင်ယှဉ်ပြိုင်သော မာရသွန်ဝက် (Half-Marathon) ပြိုင်ပွဲတွင် အနိုင်ရရှိသွားသော စက်ရုပ်သည် ၅၀ မိနစ် ၂၆ စက္ကန့်ဖြင့် ပန်းဝင်ကာ လူသားတို့၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ ယခုပြိုင်ပွဲသည် ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်တွင် စက်ရုပ်၏ စံချိန်မှာ ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်သာ ရှိခဲ့ရာမှ ယခုအခါ စံချိန်ကို အပြတ်အသတ် မြှင့်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအောင်မြင်မှုသည် တရုတ်နိုင်ငံ၏ စက်ရုပ်နည်းပညာ ကဏ္ဍတွင် အလျင်အမြန် တိုးတက်လာမှုကို သိသာထင်ရှားစွာ ပြသလိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ၊ ပေကျင်းလူတူစက်ရုပ်မာရသွန်ပြိုင်ပွဲတွင် စက်ရုပ်က လူသားတို့၏စံချိန်ကို ကျော်ဖြတ်ကာ အနိုင်ရရှိ
Apr 21 • 7:37 AM
China
Local News
Share
| 12 | 0 | 0 | 0 |


