ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို လာမည့် ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့ နံနက် ၇ နာရီမှ စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။အဆိုပါ ပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းများနှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
Apr 21 • 7:31 AM
Myanmar
Yangon
Share
| 34 | 0 | 0 | 0 |


