back

ရှမ်းပြည်နယ်၊ရတနာစိန်ကျောင်းတိုက် လောကီလောကုတ္တရာပညာပါရမီကျောင်းတွင် သက်ကြီး အဘိုးအဖွား ပူဇော်ကန်တော့ပွဲ ပြုလုပ်

Apr 21 • 6:40 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ရတနာစိန်ကျောင်းတိုက် လောကီလောကုတ္တရာပညာပါရမီကျောင်းတွင် သက်ကြီး အဘိုးအဖွား ပူဇော်ကန်တော့ပွဲ ပြုလုပ်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောက်တလုံးကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ ရတနာစိန်ကျောင်းတိုက်အတွင်း ရတနာစိန်ပရဟိတအဖွဲ့နှင့် အများဒါယကာ ဒါယိကာမတို့မ...

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောက်တလုံးကြီးမြို့နယ်၊ နောင်ကားကျေးရွာအုပ်စု၊ ရတနာစိန်ကျောင်းတိုက်အတွင်း ရတနာစိန်ပရဟိတအဖွဲ့နှင့် အများဒါယကာ ဒါယိကာမတို့မှ စုပေါင်း၍ ဒုတိအကြိမ်မြောက် သက်ကြီး အဘိုးအဖွား မိဘဆရာသမားများအား ဂါရဝ နိဝါတတရား မေတ္တာများဖြင့်သက်ကြီးပူဇော်ပွဲကို ယမန်နေ့ ဧပြီလ ၂၀ရက် ညနေ ၃း၀၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ရှေးဦးစွာ ရတနာစိန်ပရဟိတအဖွဲ့နှင့် အများဒါယကာ ဒါယိကာမတို့က ဓမ္မိကာရာမ ကျောင်းတိုက်၊ ပြည်နယ်သံဃာ့နာယကဆရာတော်ကို ကန်တော့ခဲ့ကြပြီး ရတနာစိန်ပရဟိတအဖွဲ့နှင့် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှု(ဗဟို) အကအဖွဲ့မှ သက်ကြီး အဘိုးအဖွားများအား လက်သဲ၊ ခြေသဲ ညှပ်ပေးခြင်း၊ ခြေ လက် ဆေးကြောပေးခြင်း စသည်တို့ကို ပြုလုပ်ဆောက်ရွက်ပေးခဲ့ကြပါသည်။ထို သက်ကြီးပူဇော်ကန်တော့ပွဲတွင် နောင်ကားကျေးရွာအုပ်စုအတွင်းမှာ နေထိုင်လျက်ရှိသော အသက် ၇၅ နှစ်အထက်ရှိ သက်ကြီး အဘိုး/အဘွား ၆၇ ဦးတို့အား တစ်ဦးလျှင် အလှူဝတ္ထုငွေ တစ်သိန်းကျပ်စီနှင့် မျက်နှာသုတ်ပုဝါ၊ ခြုံထည်များအပြင် ဆေးဝါးများကိုပါ ကန်တော့ခဲ့ကြောင်း သိရသည်။

news-view-count-icon

35