မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အထပ်သားစက်ရုံတွင် ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီ ၃၄ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ မီးလောင်မှုအား ငြှိမ်းသတ်နိုင်ရန်အတွက် မုဒုံမြို့နယ်မီးသတ်စခန်းနှင့် မော်လမြိုင်မြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် သွားရောက်ငြှိမ်းသတ်လျက်ရှိကြောင်း သိရပါသည်။



