back

အမေရိကန်ဗီဇာ လျှောက်ထားသူများ ဆိုရှယ်မီဒီယာအကောင့်များကို Public ပြောင်းထားရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အသိပေး

Apr 21 • 5:02 AM

breaking-news

Thailand

Local News

cover

အမေရိကန်ဗီဇာ လျှောက်ထားသူများ ဆိုရှယ်မီဒီယာအကောင့်များကို Public ပြောင်းထားရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး အသိပေး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက ဗီဇာလျှောက်ထားသူများအနေဖြင့် ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များအားလုံးကို Public (အများပြည်သူ မြင်တွေ့နိုင်သောစန...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက ဗီဇာလျှောက်ထားသူများအနေဖြင့် ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များအားလုံးကို Public (အများပြည်သူ မြင်တွေ့နိုင်သောစနစ်) သို့ ပြောင်းလဲထားရန် ကြေညာလိုက်သည်။ အဆိုပါ သတ်မှတ်ချက်သည် F, M, J, K-1, H1-B အစရှိသည့် ဗီဇာအမျိုးအစား အများအပြား လျှောက်ထားသူများနှင့် သက်ဆိုင်ပြီး၊ အမေရိကန်ဥပဒေအရ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် ဝင်ရောက်ခွင့်ဆိုင်ရာ အရည်အချင်းများကို စစ်ဆေးနိုင်ရန်အတွက် ဖြစ်သည်။ အကယ်၍ Privacy Setting များကို Public သို့ ပြောင်းလဲထားခြင်း မရှိပါက ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်များတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

news-view-count-icon

16