back

မြန်မာဖိုက်တာ ဗီရိုနီကာနှင့် ဂျပန်ဖိုက်တာ ကာနာမိုရီမိုတို ONE Friday Fights တွင် ကစ်ဘောင်ဆင် ထိုးသတ်မည်

Apr 21 • 4:35 AM

breaking-news

Myanmar

Local

cover

မြန်မာဖိုက်တာ ဗီရိုနီကာနှင့် ဂျပန်ဖိုက်တာ ကာနာမိုရီမိုတို ONE Friday Fights တွင် ကစ်ဘောင်ဆင် ထိုးသတ်မည်

ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာသည် လာမည့် မေလ ၂၂ ရက်တွင် ကျင်းပမည့် ONE Friday Fights 155 ပြိုင်ပွဲ၌ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတိုန...

ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာသည် လာမည့် မေလ ၂၂ ရက်တွင် ကျင်းပမည့် ONE Friday Fights 155 ပြိုင်ပွဲ၌ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတိုနှင့် ကစ်ဘောင်ဆင် အက်တမ်ဝိတ်တန်း (၁၁၅ ပေါင်) တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ဂျပန်ဖိုက်တာ ကာနာမိုရီမိုတိုသည် နောက်ဆုံးပွဲတွင် နာမည်ကြီး စတမ်ကို အနိုင်ရထားပြီး ၎င်းက ဗီရိုနီကာကို စိန်ခေါ်ခဲ့ရာမှ ယခုပွဲစဉ်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဗီရိုနီကာအတွက်မူ ယခုပွဲသည် ONE Championship တွင် ပထမဆုံးအကြိမ် ကစ်ဘောင်ဆင်စည်းမျဉ်းဖြင့် ထိုးသတ်ရမည့်ပွဲဖြစ်ပြီး၊ ကာနာမိုရီမိုတိုအနေဖြင့် ဤပွဲတွင် ထပ်မံအနိုင်ရပါက လက်ရှိချန်ပီယံ ဖတ်ဂျီးဂျာ၏ ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိရန် နီးစပ်နေကြောင်း သိရှိရပါသည်။
news-view-count-icon

35