ပရီးမီးယားလိဂ် အမှတ်ပေးဇယားအောက်ဆုံးသို့ ရောက်ရှိနေသည့် ဝုလ်ဗ်အသင်းသည် ယခုရာသီတွင် တန်းဆင်းရရန် သေချာသွားခဲ့ပြီဖြစ်သည်။ ခရစ္စတယ်ပဲလေ့စ်နှင့် ဝက်စ်ဟမ်းတို့၏ ဂိုးမရှိသရေပွဲရလဒ်ကြောင့် ဝုလ်ဗ်အသင်းသည် ရာသီကုန်ရန် ၅ ပွဲအလို၌ပင် အဆင့် ၁၇ နေရာမှ ဝက်စ်ဟမ်းနှင့် ၁၆ မှတ်အထိ ကွာဟသွားခဲ့ကာ တန်းဆင်းဇုန်မှ လွတ်မြောက်ရန် လမ်းစမရှိတော့ခြင်းဖြစ်သည်။ ဝုလ်ဗ်အသင်းသည် ယခုရာသီ ၃၃ ပွဲကစားအပြီးတွင် ၁၇ မှတ်သာ ရရှိထားကာ ၃ ပွဲသာ အနိုင်ရရှိခဲ့သော်လည်း အဆိုပါနိုင်ပွဲများတွင် အက်စတွန်ဗီလာနှင့် လီဗာပူးလ်ကဲ့သို့ အသင်းကြီးများ ပါဝင်ခဲ့သည်။ ယခုအခါ ဝုလ်ဗ်အသင်းသည် ပရီးမီးယားလိဂ်တွင် ရှစ်ရာသီကြာ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ချန်ပီယံရှစ်သို့ ပြန်လည်ဆင်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Apr 21 • 4:51 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


