၂၀၂၆ ခုနှစ်အတွက် ပေးအပ်မည့် Ballon d'Or ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိရန် ဘိုင်ယန်မြူးနစ်အသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းက ရေပန်းအစားဆုံးအဆင့်တွင် ရှိနေကြောင်း သိရသည်။ ဟာရီကိန်းသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းအနေဖြင့်လည်း ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဆွတ်ခူးထားနိုင်သည့်အပြင်၊ ချန်ပီယံလိဂ်နှင့် ဂျာမန်ဖလားပြိုင်ပွဲများတွင်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ထားနိုင်သဖြင့် ဖလားသုံးလုံး (Treble) အောင်ပွဲကို မျှော်လင့်နိုင်သည့် အခြေအနေရှိနေခြင်းကြောင့် ၎င်း၏ Ballon d'Or ဆုရရှိနိုင်ခြေမှာ ပိုမိုအားကောင်းလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Apr 21 • 4:32 AM
Myanmar
International
Share
| 28 | 0 | 0 | 0 |


