ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မိုးမကျမီကာလတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေးအတွက် လိုအပ်သော စက်သုံးဆီနှင့် သွင်းအားစုများ အချိန်မီရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၀ ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က မိုးရာသီမတိုင်မီ ကြိုတင်ပြင်ဆင်သင့်သည်များကို ဌာနဆိုင်ရာများအလိုက် အလေးထားဆောင်ရွက်ရန်နှင့် တောင်သူများအတွက် လိုအပ်သော သွင်းအားစုများ အခက်အခဲမရှိ ရရှိစေရန် မှာကြားခဲ့ပြီး၊ သက်ဆိုင်ရာဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းအတွင်း သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီရရှိစေရန် တိုင်းဝန်ကြီးချုပ် ညွှန်ကြား
Apr 21 • 4:28 AM
Myanmar
Ayeyarwady
Share
| 24 | 0 | 0 | 0 |


