နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာ (၆) ရွာမှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် မြန်မာ့သြဘာကောမတ် G-46 ပုလဲဓာတ်မြေသြဇာများကို တစ်အိတ်လျှင် (၁၀၀,၅၀၀) ကျပ်နှုန်းဖြင့် တိုက်ရိုက်လက်ငင်းငွေချေစနစ်ဖြင့် ဧပြီ ၁၉ ရက်က ရောင်းချပေးခဲ့သည်။ အဆိုပါ ရောင်းချပေးမှုသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းနောင်နှင့် ဦးမျိုးဇော်သိမ်းတို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တောင်သူများအနေဖြင့် သွင်းအားစုများကို နည်းစနစ်တကျ အသုံးပြုကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့်လည်း တောင်သူများအတွက် လိုအပ်သည့် ဓာတ်မြေသြဇာများ အချိန်မီလက်ဝယ်ရောက်ရှိစေရန် ဆက်လက်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
နေပြည်တော်ရှိ ကျေးရွာ (၆) ရွာမှ တောင်သူများကို ပုလဲဓာတ်မြေသြဇာ ဈေးနှုန်းသက်သာစွာဖြင့် တိုက်ရိုက်ရောင်းချပေး
Apr 21 • 4:24 AM
Myanmar
Naypyidaw
Share
| 29 | 0 | 0 | 0 |


