back

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတားသစ် (အပြန်လမ်း) ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

Apr 21 • 4:22 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်ရှိ ဆွာချောင်းတံတားသစ် (အပြန်လမ်း) ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် ၁၆၅/၁ ရှိ ဆွာချောင်းတံတား (အပြန်လမ်း) အား အသစ်အစားထိုးတည်ဆောက်နေမှုမှာ ဇွန်လအတွင...

မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် ၁၆၅/၁ ရှိ ဆွာချောင်းတံတား (အပြန်လမ်း) အား အသစ်အစားထိုးတည်ဆောက်နေမှုမှာ ဇွန်လအတွင်း ပြန်လည်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၏ ဧပြီ ၁၉ ရက် ကြည့်ရှုစစ်ဆေးမှုသတင်းအရ သိရသည်။ လက်ရှိတွင် တံတား၏ သံမဏိယက်မများ တပ်ဆင်ခြင်းနှင့် ကြမ်းခင်းကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကာ ငလျင်ဒဏ်ခံနိုင်သော Elastomeric Bearings များ ထည့်သွင်းအသုံးပြုထားပြီး၊ အပြန်လမ်းတံတားသစ်ပြီးစီးပါက အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားနေရာတွင်လည်း တံတားအသစ် ဆက်လက်တည်ဆောက်သွားမည်ဖြစ်သည်။ ထို့ပြင် ငလျင်ကြောင့် ပျက်စီးခဲ့သည့် မိုင်တိုင် ၁၉၀/၁ ရှိ မှောက်ခုံချောင်းတံတားမှာလည်း ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သဖြင့် အမြန်လမ်းမကြီးတစ်လျှောက် သွားလာရေး ပိုမိုဘေးကင်းချောမွေ့လာတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

27