ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးသည် သံရုံး၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ မည်သည့်လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုမျှ ကြားခံဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ထားခြင်း မရှိကြောင်း ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ သံရုံးဆိုင်ရာ ကိစ္စရပ်များကို သံရုံးကသာ တိုက်ရိုက်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး၊ လျှောက်ထားသူများ တင်ပြလာသည့် အချက်အလက်နှင့် အထောက်အထားများ ပြည့်စုံမှန်ကန်ပါက အချိန်မကြန့်ကြာစေရန် စနစ်တကျ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် သံရုံးဝန်ဆောင်မှုများအတွက် ကြားခံဆောင်ရွက်ပေးသူများ၏ ပြောဆိုချက်များအပေါ် သတိပြုကြရန်နှင့် သံရုံးသို့သာ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်ပါသည်။
မြန်မာသံရုံး၏ လုပ်ငန်းဆောင်တာများကို မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ကြားခံဆောင်ရွက်ရန် တာဝန်ပေးထားခြင်းမရှိဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးထုတ်ပြန်
Apr 21 • 4:19 AM
Myanmar
International
Share
| 37 | 0 | 0 | 0 |


