back

ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းရှိ မြေပြိုမှုများနှင့် လမ်းအက်ကွဲမှုများကို ပြန်လည်ပြုပြင်လျက်ရှိ

Apr 21 • 4:20 AM

breaking-news

Myanmar

Local

cover

ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းရှိ မြေပြိုမှုများနှင့် လမ်းအက်ကွဲမှုများကို ပြန်လည်ပြုပြင်လျက်ရှိ

အထူးဒေသ (၁)၊ ကွတ်ခိုင်ခရိုင်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၊ ကွတ်ခိုင်-နမ့်ဖတ်ကာသွား လမ်းပိုင်းနေရာ (၃) ခုတွင် မြေပြိုကျခြင်းနှင့် လမ်းမျက်နှာပြင်အက်ကွဲခြင်းများ...

အထူးဒေသ (၁)၊ ကွတ်ခိုင်ခရိုင်အတွင်းရှိ ပြည်ထောင်စုလမ်းမကြီး၊ ကွတ်ခိုင်-နမ့်ဖတ်ကာသွား လမ်းပိုင်းနေရာ (၃) ခုတွင် မြေပြိုကျခြင်းနှင့် လမ်းမျက်နှာပြင်အက်ကွဲခြင်းများ ဖြစ်ပေါ်နေသဖြင့် အထူးဒေသအုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ဧပြီ ၁၇ ရက်မှစ၍ ပြန်လည်ပြုပြင်လျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး အမြန်ဆုံးပြန်လည်ကောင်းမွန်ပြီး သွားလာရေးဘေးကင်းစေရန် စက်ယန္တရားများဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ရာ လမ်းအသုံးပြုသူများအနေဖြင့် လုပ်ငန်းခွင်အနီးတွင် အရှိန်လျှော့မောင်းနှင်ကြရန်နှင့် ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရေးအတွက် လမ်းစည်းကမ်းများကို တိကျစွာလိုက်နာပူးပေါင်းဆောင်ရွက်ကြရန် အုပ်ချုပ်ရေးကော်မတီက နှိုးဆော်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

31