back

ရေနံကုန်သွယ်မှုတွင် ဒေါ်လာအစား ယွမ်ငွေအသုံးပြုလာနိုင်ကြောင်း UAE က အမေရိကန်အား သတိပေး

Apr 21 • 4:16 AM

breaking-news

UAE

Local News

cover

ရေနံကုန်သွယ်မှုတွင် ဒေါ်လာအစား ယွမ်ငွေအသုံးပြုလာနိုင်ကြောင်း UAE က အမေရိကန်အား သတိပေး

အီရန်ပဋိပက္ခ ကြာရှည်လာပါက ဒေါ်လာအရန်ငွေများအပေါ် ဖိအားဖြစ်ပေါ်လာနိုင်သဖြင့် ရေနံကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေကဲ့သို့သော အခြားရွေးချယ်စရာ ငွေကြ...

အီရန်ပဋိပက္ခ ကြာရှည်လာပါက ဒေါ်လာအရန်ငွေများအပေါ် ဖိအားဖြစ်ပေါ်လာနိုင်သဖြင့် ရေနံကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေကဲ့သို့သော အခြားရွေးချယ်စရာ ငွေကြေးများကို ပြောင်းလဲအသုံးပြုရနိုင်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အမေရိကန်အား သတိပေးလိုက်သည်။ UAE ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး Khaled Mohamed Balama သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဝါရှင်တန်၌ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent နှင့် တွေ့ဆုံစဉ် ဒေသတွင်းတင်းမာမှုများကြောင့် ဒေါ်လာပြတ်လပ်မှုဖြစ်ပေါ်လာပါက ဘဏ္ဍာရေးဘေးကင်းလုံခြုံမှုအတွက် ငွေကြေးအစားထိုးလဲလှယ်သည့် အစီအစဉ်များ လိုအပ်လာနိုင်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။ အကယ်၍ UAE အနေဖြင့် ရေနံရောင်းချမှုများကို ယွမ်ငွေဖြင့် စတင်လုပ်ဆောင်ပါက ဒေါ်လာလွှမ်းမိုးထားသော ကမ္ဘာ့ရေနံကုန်သွယ်မှုစနစ်တွင် သိသာထထင်ရှားသည့် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

8