ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသတွင် ယခုနှစ် ဖေဖော်ဝါရီလလယ်မှစ၍ ရေခန်းခြောက်မှုများ စတင်ဖြစ်ပေါ်ခဲ့ရာ ဧပြီလအတွင်း၌ အခြေအနေ ပိုမိုဆိုးရွားလာပြီး ဒေသခံများမှာ ရေလမ်းအစား ကုန်းလမ်းကိုသာ အဓိကအားထား အသုံးပြုနေရကြောင်း သိရသည်။ ယခင်နှစ် ရေကြီးစဉ်က ပါလာသော နုန်းမြေများကြောင့် ယခုနှစ်တွင် ရေခန်းခြောက်မှု ပိုမိုသိသာလာခြင်းဖြစ်ပြီး ငါးရက်တစ်ဈေး ရေပေါ်ဈေးမှာလည်း ရေမရှိတော့သဖြင့် ကုန်းပေါ်၌သာ ပြောင်းရွှေ့ရောင်းချနေရသည်။ လက်ရှိတွင် အင်းလေးကန်အလယ်ပိုင်းရှိ ကုန်းလမ်းမပေါက်သော ကျေးရွာများမှာ သွားလာရေး အလွန်ခက်ခဲနေပြီး ကျန်ရှိသည့် ကျေးရွာအများစုမှာလည်း ရေလမ်းခရီးအစား ကုန်းလမ်းကိုသာ ပိုမိုအသုံးပြုနေရကြောင်း သိရှိရပါသည်။
| 20 | 0 | 0 | 0 |


