back

မြစ်ကြီးနားတွင် လျှပ်စစ်မီး ၃ ရက်ကြာ ပြတ်တောက်မှုကြောင့် ပြည်သူများ လူနေမှုဘဝ အခက်တွေ့နေ

Apr 21 • 3:55 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားတွင် လျှပ်စစ်မီး ၃ ရက်ကြာ ပြတ်တောက်မှုကြောင့် ပြည်သူများ လူနေမှုဘဝ အခက်တွေ့နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ၃ ရက်ကြာမြင့်လာချိန်၌ ဒေသခံပြည်သူများမှာ ရေတင်ရန်ခက်ခဲခြင်း၊ ဖုန်းအားသွင်းရန်နှင့် အင်တာနက်အသုံးပ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ၃ ရက်ကြာမြင့်လာချိန်၌ ဒေသခံပြည်သူများမှာ ရေတင်ရန်ခက်ခဲခြင်း၊ ဖုန်းအားသွင်းရန်နှင့် အင်တာနက်အသုံးပြုရန် ခက်ခဲခြင်းတို့ကြောင့် စတင်ဒုက္ခရောက်နေကြသည်။ ချီဖွေရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြုပြင်ထိန်းသိမ်းမည်ဖြစ်သဖြင့် ဧပြီ ၁၈ ရက်မှ မေလ ၁ ရက်အထိ (၂ ပတ်ကြာ) မီးဖြတ်မည်ဟု ဘူဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက ကြေညာထားခြင်းဖြစ်သည်။လက်ရှိတွင် ဘက်ထရီဆိုင်ကယ်အသုံးပြုသူများမှာ အားသွင်းရန် အခက်အခဲဆုံးဖြစ်နေပြီး ပုဂ္ဂလိကအားသွင်းဆိုင်များ၌ တစ်စီးလျှင် ငွေကျပ် ၅,၀၀၀ ပေး၍ သွင်းနေရသော်လည်း အစီးရေအကန့်အသတ်ဖြင့်သာ လက်ခံနိုင်သည့် အခြေအနေရှိသည်။ ဘူဂါးလျှပ်စစ်ရုံးအသီးသီးတွင် သတ်မှတ်ချိန်အလိုက် ဖုန်းနှင့် Power Bank များ အားသွင်းနိုင်ရန် စီစဉ်ပေးထားသော်လည်း မလုံလောက်သဖြင့် ပြည်သူများမှာ ဆိုလာနှင့် မီးစက်များကိုသာ ကိုယ်ထူကိုယ်ထ အားကိုးနေရသည်။ သောက်သုံးရေအတွက်မူ စည်ပင်ရေပေးဝေရေးစနစ်အပြင် ရေကားများဖြင့် လိုက်လံဖြန့်ဝေပေးမှုများ ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

21