ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများဖြင့် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၆) ကို ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်းသိရှိရသည်။ ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင် က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ ရုံးလုပ်ငန်းသဘောတရားနှင့်စာရွက်စာတမ်းထိန်းသိမ်းခြင်းဘာသာရပ်ဖြင့် စတင်သင်ကြားပို့ချပေးခဲ့ကြောင်းသိရှိရသည်။ အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ အငယ်တန်းစာရေးနှင့်လုပ်သားရုပ်သံဝန်ထမ်း(၁၂)ဦးတက်ရောက်သင်ယူ လျက်ရှိကြောင်း၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဦးစီးအရာရှိ၊မရမ်းကုန်းမြို့နယ်၊ကြည့်မြင်တိုင်မြို့နယ်နှင့်အလုံမြို့နယ်များမှ ဦးစီးအရာရှိ များကသင်တန်းနည်းပြများအဖြစ်ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်မားစေရေးအတွက် ရုံးစာရေးသားနည်း၊ရုံးလုပ်ငန်း များစီစစ်ခြင်း၊ခရီးသွားမှတ်တမ်းတင်ခြင်း ၊GPMS-EDMSအသုံးပြုခြင်းနှင့်လုပ်ငန်းစီမံချက်ရေးသားနည်းဘာသာရပ်များသင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို သုံးရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။



