ထိုင်းအစိုးရဟာ Rattanakosin ခေတ် တည်ထောင်မှု ၂၄၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “Under the Royal Grace: 244 Years of Rattanakosin” ပွဲတော်ကို ဧပြီလ ၂၂ ရက်ကနေ ၂၆ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Rattanakosin ဆိုတာဟာ ၁၇၈၂ ခုနှစ် မှာ ပထမမြောက် ရာမဘုရင် (King Rama I) က ဘန်ကောက်မြို့ကို မြို့တော်အဖြစ် စတင်တည်ထောင်ခဲ့တဲ့ ခေတ်ကာလနဲ့ မင်းဆက်ကို ခေါ်ဆိုတာပါ။ အဲဒီပွဲတော်ကို ဘန်ကောက်ရှိ Chulalongkorn တက္ကသိုလ် ရာစုနှစ်ပြည့်ပန်းခြံ၊ ဘန်ကောက် အမျိုးသားပြတိုက်နဲ့ Wat Prayurawongsawat Worawihan ကျောင်းတော်တို့မှာ ခွဲခြားကျင်းပသွားမှာ ဖြစ်ပါတယ်။နေရာတစ်ခုချင်းစီမှာ ထူးခြားတဲ့ အစီအစဉ်တွေ ပါဝင်မှာဖြစ်ပြီး Chulalongkorn ပန်းခြံမှာတော့ ခေတ်ပြိုင်အနုပညာပြပွဲတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဈေးရောင်းပွဲတွေနဲ့ ထိုင်းရိုးရာ ဖျော်ဖြေပွဲတွေကို ကြည့်ရှုနိုင်မှာပါ။ အမျိုးသားပြတိုက်မှာတော့ ညဘက် ပြတိုက်ဖွင့်လှစ်ပြသခြင်း၊ ရုပ်ရှင်ပြသခြင်းနဲ့ AI နည်းပညာသုံးပြီး ထိုင်းနန်းတွင်း ဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်နိုင်မယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် Wat Prayurawongsawat Worawihan ကျောင်းတော်မှာတော့ မြစ်ကမ်းနားတစ်လျှောက်က Kudi Chin လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုဘဝတွေကို လေ့လာနိုင်မယ့် လမ်းလျှောက်ခရီးစဉ်နဲ့ ဘာသာပေါင်းစုံ အစားအစာပြိုင်ပွဲတွေကို ထည့်သွင်းထားပါတယ်။
ထိုင်းနိုင်ငံ၊ဘန်ကောက်၌ Rattanakosinခေတ် တည်ထောင်ခဲ့ခြင်း ၂၄၄ နှစ်ပြည့် အခမ်းအနားကို ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်
Apr 21 • 2:29 AM
Thailand
Local News
Share
| 28 | 0 | 0 | 0 |


