မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အမှတ်ပေးချန်ပီယံဆု အများဆုံးရရှိထားတဲ့ မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်ရဲ့စံချိန်ကို လိုက်မီဖို့ တစ်ကြိမ်သာ လိုအပ်တော့ကြောင်း သိရပါတယ်။ဖာဂူဆန်ဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု (၁၃)ကြိမ် ရယူပေးထားတာကြောင့် ဥရောပထိပ်သီးလိဂ်(၅)ခု (ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒစ်လီဂါ၊ စီးရီးအေ၊ ပြင်သစ်လီဂူး)ထဲမှာ မှတ်ပေးချန်ပီယံဆု အများဆုံးရရှိတဲ့နည်းပြအဖြစ် စံချိန်တင်ထားတာပါ။ဂွါဒီယိုလာက မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၆)ကြိမ်၊ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု (၃)ကြိမ်၊ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆု (၃)ကြိမ် ရရှိထားတာကြောင့် အမှတ်ပေးချန်ပီယံဆု စုစုပေါင်း(၁၂)ကြိမ် ရရှိထားပါတယ်။ဒါကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့ရင် ဂွါဒီယိုလာအနေနဲ့ ဥရောပထိပ်သီးလိဂ်(၅)ခုမှာ (၁၃)ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆု ရရှိပြီး ဖာဂူဆန်ရဲ့စံချိန်ကို လိုက်မီသွားမှာဖြစ်ပါတယ်။
ဥရောပထိပ်သီးလိဂ်(၅)ခုမှာ အမှတ်ပေးချန်ပီယံဆု အများဆုံးရရှိထားတဲ့ ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီဖို့ ဂွါဒီယိုလာ တစ်ကြိမ်သာ လိုအပ်တော့
Apr 21 • 2:27 AM
Myanmar
International
Share
| 29 | 0 | 0 | 0 |


