back

ရှမ်းပြည်နယ်၌ ခရုနီကြောင့် ပုံးအင်းဒေသ စပါးခင်းများ ပျက်စီးနေ

Apr 21 • 2:26 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၌ ခရုနီကြောင့် ပုံးအင်းဒေသ စပါးခင်းများ ပျက်စီးနေ

ရှမ်းပြည်၊တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ အဆမတန်ပွားများလာခြင်းကြောင့် စပါးခင်းများ ပျက်စီးနေကြောင်း ပုံးအင်းတောင်သူ...

ရှမ်းပြည်၊တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ အဆမတန်ပွားများလာခြင်းကြောင့် စပါးခင်းများ ပျက်စီးနေကြောင်း ပုံးအင်းတောင်သူများထံမှ သိရသည်။ နမ့်တဘက်ချောင်းကို မှီတင်းနေထိုင်ကြသည့် ပင်လွန်၊ နောင်စန့်၊ ပင်မွန်း၊ ဖက်ကွန် အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်တွင် ခရုနီများသည် စပါးစိုက်ခင်းများကို အလျင်အမြန် ပျက်စီးနေကြောင်း ပုံးအင်းတောင်သူများက ပြောသည်။ ယခင်က ပုံးအင်းဒေသတွင် ယခုကဲ့သို့ ခရုအန္တရာယ်မျိုး မရှိခဲ့ဖူးဘဲ လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင်ကာ အခြေအနေ ဆိုးရွားလာခြင်းဖြစ်ကြောင်း အသက် ၃၀ ခန့်အရွယ် ပုံးအင်းတောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ပုံးအင်းဒေသတွင် ကျူးကျော်မျိုးစိတ်များ၏ အန္တရာယ်နှင့် ကြုံတွေ့နေရသော်လည်း နိုင်ငံရေး အပြောင်းအလဲနှင့်အတူ အစိုးရယန္တရား ပျက်ယွင်းမှုကြောင့် တောင်သူများမှာ နည်းပညာနှင့် ကူညီထောက်ပံ့မှုများ မရှိဘဲ အားကိုးရာမဲ့ ဖြစ်နေကြကြောင်း ဆိုသည်။

news-view-count-icon

19