back

တရုတ်နိုင်ငံက ပြည်လုံးဆိုင်ရာ စာဖတ်ရေးရက်သတ္တပတ် စတင်

Apr 21 • 1:59 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက ပြည်လုံးဆိုင်ရာ စာဖတ်ရေးရက်သတ္တပတ် စတင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၏ မြို့တော်နန်ချန်းတွင် ပဉ္စမအကြိမ်မြောက် စာဖတ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံကို ဧပြီ ၂၀ ရက်၌ ကျင်းပခဲ့ပြီး ယခုနှစ်၏ ပြည်...

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၏ မြို့တော်နန်ချန်းတွင် ပဉ္စမအကြိမ်မြောက် စာဖတ်ခြင်းဆိုင်ရာ အမျိုးသားညီလာခံကို ဧပြီ ၂၀ ရက်၌ ကျင်းပခဲ့ပြီး ယခုနှစ်၏ ပြည်လုံးဆိုင်ရာ စာဖတ်ရေးရက်သတ္တပတ်ကို တရားဝင်စတင်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြန်ကြားရေးဌာန အကြီးအကဲ လီစူးလေက တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာဖတ်ခြင်းကို မြှင့်တင်ရေးနှင့် လူ့အဖွဲ့အစည်းတွင် စာဖတ်ခြင်းယဉ်ကျေးမှုကို မြှင့်တင်ရေးအတွက် ပိုမိုကြိုးပမ်းအားထုတ်ရန် အခမ်းအနားသို့ တက်ရောက်လာသူများက တိုက်တွန်းခဲ့ကြသည်။စာဖတ်ခြင်းမှာ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအကျဆုံးအကြောင်းရင်းဖြစ်ကြောင်း ထောက်ပြလျက် ယဉ်ကျေးမှုတွင် ဦးဆောင်နိုင်ငံကို တည်ဆောက်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာဖတ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များအား ပိုမိုကျယ်ပြန့်သော တွန်းအားဖြင့် အပြည့်အဝ အသုံးချရန် အရေးကြီးကြောင်း ၎င်းတို့က အလေးပေးပြောကြားခဲ့သည်။

news-view-count-icon

14