back

ထိုင်းရဲ့ အဓိက မြို့တွေမှာ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကွန်ဒို ဝယ်လိုအား မြင့်တက်လာနိုင်

Apr 21 • 1:58 AM

breaking-news

Thailand

Local News

cover

ထိုင်းရဲ့ အဓိက မြို့တွေမှာ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကွန်ဒို ဝယ်လိုအား မြင့်တက်လာနိုင်

အရှေ့အလယ်ပိုင်းပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ဟာ ဘန်ကောက်၊ ဖူးခက်၊ ပတ္တရား၊ စမွေ နဲ့ ချင်းမိုင်လို မြို့ကြီးတွေမှာ ပြောင်းရွှေ့အခြေချသူတွေ...

အရှေ့အလယ်ပိုင်းပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက်ဟာ ဘန်ကောက်၊ ဖူးခက်၊ ပတ္တရား၊ စမွေ နဲ့ ချင်းမိုင်လို မြို့ကြီးတွေမှာ ပြောင်းရွှေ့အခြေချသူတွေကြောင့် ဝယ်လိုအားမြင့်တက်လာနိုင်တယ်လို့ Colliers Thailand က ဆိုပါတယ်။ ထိုင်းနိုင်ငံရဲ့ သင့်တော်တဲ့ လူနေမှုစရိတ်၊ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကောင်းမွန်တဲ့ အခြေခံအဆောက်အအုံတွေကြောင့် နိုင်ငံခြားသားတွေဟာ ရေရှည်ငှားရမ်းနေထိုင်ဖို့ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အခြေအနေတွေ ကြာရှည်လာရင်တော့ ရေရှည်နေထိုင်ဖို့အတွက် အဆင့်မြင့်အိမ်ရာတွေကို ဝယ်ယူတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ဒီလိုမျိုး နိုင်ငံခြားသားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတာဟာ အိမ်ခြံမြေတင်မကဘဲ ရုံးခန်းအသေးစားတွေ၊ နိုင်ငံတကာကျောင်းတွေနဲ့ ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍတွေကိုပါ တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခွင့်အလမ်းတွေဟာ အစိုးရရဲ့ ရေရှည်ဗီဇာမူဝါဒတွေနဲ့ နိုင်ငံခြားသား အိမ်ခြံမြေပိုင်ဆိုင်မှု ဆိုင်ရာ စည်းမျဉ်းတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ အစိုးရဘက်က ထောက်ပံ့ကူညီတဲ့ မူဝါဒတွေသာ ရှင်းရှင်းလင်းလင်းရှိရင် ထိုင်းနိုင်ငံဟာ အခုလို ပထဝီနိုင်ငံရေး စိန်ခေါ်မှုတွေကို အိမ်ခြံမြေစျေးကွက်အတွက် ဗျူဟာမြောက် အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

news-view-count-icon

14