ရန်ကုန်နဲ့ ဧရာ၀တီတိုင်းမြို့နယ်တွေကြား ပြေးဆွဲနေတဲ့ ကားလက်မှတ်ခတွေဟာ သင်္ကြန်မတိုင်ခင်က နှစ်ဆကနေ သုံးဆကျော်လောက်ထိ စျေးတက်နေခဲ့ပြီး အခုသင်္ကြန်ကာလ ပြီးသွားပြီဖြစ်ပေမယ့် ကားခတွေ စျေးမကျဘဲ ထပ်သာတက်နေပါတယ်။ဒေသတွင်း ဓါတ်ဆီစျေးတက်ပြီးနောက် ဧရာ၀တီတိုင်းအတွင်း မြို့နယ်တွေနဲ့ ဧရာ၀တီ - ရန်ကုန် ပြေးဆွဲနေတဲ့ ကားတွေဟာ အရင်ကထက် နှစ်ဆကျော်ထိ စျေးတက်သွားခဲ့တာဖြစ်ပြီး အရင်က နှစ်သောင်းဝန်းကျင် ပေးခဲ့ရတဲ့ ကားလက်မှတ်တစောင်ကို ငါးသောင်းကနေ ခုနှစ်သောင်းခွဲလောက်ထိ စျေးရှိနေခဲ့ပါတယ်။အခုအခါ ပုသိမ် - ရန်ကုန်ကားလက်မှတ်တစောင်ကို ငါးသောင်းခွဲ၊ ဖျာပုံ - ရန်ကုန်ကားလက်မှတ်တစောင်ကို ခုနှစ် သောင်းခွဲနဲ့ ဟင်္သာတ - ရန်ကုန်လက်မှတ်စောင်ကို သုံးသောင်းထိ စျေးရှိနေပါတယ်။
| 46 | 0 | 0 | 0 |


