back

ပြည်တွင်း၌ အိမ်သုံးနှင့် အိမ်တွင်းအသေးစားစက်မှုလုပ်ငန်းသုံးများအတွက် New Day စက်သုံးဆီဆိုင် အားလုံးတွင် တစ်ကြိမ်လျှင် ဆီ ၁၅ ဂါလန်အထိ ရောင်းချပေးလျက်ရှိ

Apr 21 • 1:55 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ အိမ်သုံးနှင့် အိမ်တွင်းအသေးစားစက်မှုလုပ်ငန်းသုံးများအတွက် New Day စက်သုံးဆီဆိုင် အားလုံးတွင် တစ်ကြိမ်လျှင် ဆီ ၁၅ ဂါလန်အထိ ရောင်းချပေးလျက်ရှိ

New Day စက်သုံးဆီဆိုင်အားလုံးတွင် အိမ်သုံးမီးစက်၊ ရေစက်နှင့် အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းများ အတွက် စက်သုံးဆီများကို တစ်ကြိမ်လျှင် (၁၅) ဂါလန် အထိ ရောင်းချပေး...

New Day စက်သုံးဆီဆိုင်အားလုံးတွင် အိမ်သုံးမီးစက်၊ ရေစက်နှင့် အိမ်တွင်းအသေးစား စက်မှုလုပ်ငန်းများ အတွက် စက်သုံးဆီများကို တစ်ကြိမ်လျှင် (၁၅) ဂါလန် အထိ ရောင်းချပေးနေတယ်လို့ အဆိုပါ ဆိုင်များတွင် ဆီဝယ်ယူခဲ့သူများထံက သိရပါတယ်။ယင်းသို့ ဝယ်ယူရာတွင် ဝယ်ယူသူ၏ မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ အမည်၊ လုပ်ငန်းအမည်၊ လုပ်ငန်းနှင့် ပတ်သက်သော အထောက်အထားများ အပြည့်အစုံ မူရင်းနှင့် မိတ္တူ တင်ပြပေးရမည်ဖြစ်ပြီး ပြန်လည်ရောင်းချခြင်းမပြုကြောင်း ခံဝန်ကတိစာတွင် လက်မှတ်ရေးထိုးပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ယခုလိုပုံစံဖြင့် ရောင်းချပေးခြင်းဟာ စက်သုံးဆီ အခက်အခဲဖြစ်ပေါ်နေချိန်ကတည်းက ရောင်းချပေးခဲ့တာ ဖြစ်သလို အိမ်သုံးနှင့် အသေးစားလုပ်ငန်းတွေ အဆင်ပြေစေဖို့ ဆောင်ရွက်ပေးတာဖြစ်ပြီး ယခုလို ရောင်းချပေးဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ တင်ပြဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

39