ရန်ကုန်တိုင်းမှာ ခုနစ်လကြာ အစအနမရဘဲ အဆက်အသွယ်မရပျောက်ဆုံးနေခဲ့တဲ့ ဆယ်ကျော်သက်အရွယ် ရခိုင်ကိုရင်ငယ်တစ်ပါးကို ရှာတွေ့ခဲ့ပြီလို့ သိရပါတယ်။အဲဒီကိုရင်ငယ်ဟာ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ စိုးမဲကျီကျေးရွာက အသက် ၁၁ နှစ်အရွယ် မောင်စိုးသာထွန်း (ရှင်အင်္ကုရ)ဖြစ်ပါတယ်။လူဝတ်လဲထားတဲ့သူ့ကို ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာမှာရှိတဲ့ မိသားစုတစ်စုက ပြုစုစောင့်ရှောက်ထားစဉ် အခု ဧပြီလဒုတိယအပတ်အတွင်း ပြန်တွေ့ရှိခဲ့တာပါ။အဲဒီနောက် သူ့ရဲ့အစ်ကိုဖြစ်သူ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ မဟာဝိဟာရကျောင်းတိုက်မှ အရှင်နန္ဒမာလာက လူမှုကူညီရေးအဖွဲ့တချို့နဲ့ အခုရက်ပိုင်းမှာ သူ့ကို သွားရောက်ခေါ်ယူခဲ့ပါတယ်။အရှင်နန္ဒမာလာနဲ့ နီးစပ်သူတစ်ယောက်က "ပျောက်နေတာတော့ ခုနစ်လလောက်ရှိပြီ။ ကိုရင်က လူထွက်ပြီးတော့ မိသားစုတခုဆီမှာ သူက ရှိနေတယ်။ ဒါကို သတင်းဌာနတွေက သွားတွေ့တဲ့ဗီဒီယိုဖိုင်တွေ့ရတယ်။ အဲဒီကိုရင်လည်း မှန်ကန်ပါတယ်။ အဲလောက်ပဲ သိရပါတယ်"လို့ ပြောပါတယ်။
Apr 21 • 1:54 AM
Myanmar
Yangon
Share
| 20 | 0 | 0 | 0 |


