back

ရခိုင်ပြည်နယ်၊စစ်တွေပွိုင့်ကမ်းခြေ သုံးရက်ကြာ ပြန်ဖွင့်ပေးခဲ့

Apr 21 • 1:53 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊စစ်တွေပွိုင့်ကမ်းခြေ သုံးရက်ကြာ ပြန်ဖွင့်ပေးခဲ့

လုံခြုံရေးအခြေအနေတွေကြောင့် ၂ နှစ်နီးပါး ပိတ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပွိုင့်ကမ်းခြေကို မြန်မာ နှစ်သစ်ကူးကာလဖြစ်တဲ့ ဧပြီ ၁၇ ရက်ကနေ ၁၉ ရက်အထိ သုံးရက်ကြ...

လုံခြုံရေးအခြေအနေတွေကြောင့် ၂ နှစ်နီးပါး ပိတ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ပွိုင့်ကမ်းခြေကို မြန်မာ နှစ်သစ်ကူးကာလဖြစ်တဲ့ ဧပြီ ၁၇ ရက်ကနေ ၁၉ ရက်အထိ သုံးရက်ကြာ ပြန်ဖွင့်ပေးခဲ့ပြီး လာရောက်လည်ပတ်သူ စည်ကားများပြားခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ပွိုင့်ကမ်းခြေကို သုံးရက်တိုင်တိုင် မနက် ၆ နာရီကနေ ညနေ ၆ နာရီခွဲအထိ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပြီး စစ်တွေမြို့သူ၊ မြို့သားတွေ အများအပြား လာရောက်အပန်းဖြေရေကစားခဲ့ကြတယ်လို့ ဆိုပါတယ်။ပွိုင့်ကမ်းခြေဟာ စစ်တွေမြို့ရဲ့ အထင်ကရကမ်းခြေတစ်ခုဖြစ်ပြီး အရင်ကဆိုရင် သင်္ကြန်ပွဲတော်အပါအဝင် နှစ်သစ် ကူးကာလတွေ၊ အစိုးရရုံးပိတ်ရက်တွေနဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာဆိုရင် ကမ်းခြေအပြည့် လာရောက် လည်ပတ်ကြတာပါ။အခုလက်ရှိမှာတော့ ဧပြီ ၂၀ ရက်ကစပြီး ပွိုင့်ကမ်းခြေကို ပြန်ပိတ်ထားပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

news-view-count-icon

24