back

ရန်ကုန်ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော် ကျင်းပမည်

Apr 21 • 1:16 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော် ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လာမည့် ဧပြီ ၃၀ ရက် (ကဆုန်လပြည့်နေ့) ၌ (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို နံနက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လာမည့် ဧပြီ ၃၀ ရက် (ကဆုန်လပြည့်နေ့) ၌ (၄၃) ကြိမ်မြောက် မဟာဗောဓိညောင်ရေသွန်းပွဲတော်ကို နံနက် ၇ နာရီမှ စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရပါတယ်။အဆိုပါ မဟာဗောဓိညောင်ရေသွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ရုံးမှ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွား မှာဖြစ်တယ်လို့ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

news-view-count-icon

35