MAIနှင့် ရန်ကုန်မှ ဟိုချီမင်းသို့ပျံသန်းမည့် (RGN–SGN) ခရီးစဉ်များအတွက် အွန်လိုင်းမှတစ်ဆင့်Digital Pre-Arrival Informationအား မဖြစ်မနေ ဖြည့်သွင်းရမည့်စနစ်ကိုစတင် အသုံးပြုမည်ဖြစ်ကြောင်းအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)မှ သတင်းထုတ်ပြန်ထားသည်။ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပခရီးသည်များအနေဖြင့် ခရီးစဉ်မထွက်ခွာမီ ကြိုတင်၍ ပေးထားသော QR Code ကို scan ပြုလုပ်ကာ လိုအပ်သော အချက်အလက်များကို မဖြစ်မနေ ဖြည့်သွင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ MAI check in-counter များတွင်လည်း QR scanများကို ထားရှိပေးမည်ဖြစ်ပြီး ဗီယက်နမ်-ဟိုချီမင်း ခရီးစဉ်အတွက်လေယာဉ်စီးခ၊ အစားအသောက်နှင့်အခြား ကဏ္ဍများတွင် လျှော့ဈေးများပေးအပ်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း(MAI)မှ သိရသည်။



