back

ကလော၌ မူးယစ်ဆေးဝါး ရောင်း/ဝယ်သူ လူငယ် ၂ ဦးကို ဖမ်းမိ

Apr 20 • 4:14 PM

breaking-news

Myanmar

Shan

cover

ကလော၌ မူးယစ်ဆေးဝါး ရောင်း/ဝယ်သူ လူငယ် ၂ ဦးကို ဖမ်းမိ

ရှမ်းပြည်နယ်၊ ကလောမြို့၌ မူးယစ်ဆေးဝါး ရောင်း/ဝယ်သူ လူငယ် ၂ ဦးကို ယနေ့ ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် သက်သေခံ မူးယစ်ဆေးဝါးများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း...

ရှမ်းပြည်နယ်၊ ကလောမြို့၌ မူးယစ်ဆေးဝါး ရောင်း/ဝယ်သူ လူငယ် ၂ ဦးကို ယနေ့ ဧပြီလ ၂၀ ရက်၊ နံနက်ပိုင်းတွင် သက်သေခံ မူးယစ်ဆေးဝါးများနှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ကြောင်း သိရသည်။မူးယစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းအရ ကလောမြို့၊ အမှတ်(၇)ရပ်ကွက်၊ သစ်တောလမ်းနေ ဆက်ပိုင်မိုးဟန် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားနှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။၎င်း၏ ထွက်ဆိုချက်အရ ကလောမြို့၊ အမှတ်(၂)ရပ်ကွက်၊ စခန်းသာ၊ နတ်စင်လမ်းနေ ဟိဏ်းမင်းထက် ထံမှ ဝယ်ယူသည်ဟု သိရသဖြင့် ဆက်လက် ရှာဖွေရာ ဟိဏ်းမင်းထက် ၏ အိပ်ရာဘေးတွင် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား သုံးစွဲရောင်းချရန်အလို့ငှာ လက်ဝယ်တွေ့ရှိသူ ဆက်ပိုင်မိုးဟန် နှင့် ဟိဏ်းမင်းထက် တို့ကို ကလောမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။




news-view-count-icon

23