ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊အင်္ဂပူမြို့နယ်၊ နံကပ်ကြီးကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း မြစ်သဲကျောက်များကို အလွန်အကျွံ စုပ်ယူနေခြင်းကြောင့် ဂေဟစနစ်များ ပျက်စီးလာသည့်အပြင် မြစ်ကမ်းပါးပြိုမှုများ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။အဆိုပါ သဲစုပ်ယူမှုများကြောင့် မြစ်ကြောင်းပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။နံကပ်ကြီးကျေးရွာအနီးတွင် လုပ်ဆောင်နေသော အဆိုပါ သဲစုပ်လုပ်ငန်းများသည် သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုချက် ရရှိထားခြင်း ရှိ၊ မရှိ နှင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စစ်ဆေးပေးရန်နှင့် မြစ်ကြောင်း ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကာကွယ်နိုင်ရန်အတွက် အဆိုပါ ကိစ္စရပ်အား အမြန်ဆုံး စိစစ်အရေးယူပေးနိုင်ပါရန် ဒေသခံပြည်သူများမှ တောင်းဆိုနေသော်လည်း တာဝန်ရှိသူများမှ ထိုလုပ်ငန်းမှ လက်ငွေယူထား၍ စစ်ဆေးအရေးယူပေးဖို့ လျစ်လျှုရှုထားကြောင်သိရသည်။



