back

တောင်ကြီးမြို့ ပြည်တော်အေးတိုက်အောက် Honda Wave 100 ဆိုင်ကယ် ဝင်ရောက်ခိုးခံရ

Apr 20 • 4:13 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့ ပြည်တော်အေးတိုက်အောက် Honda Wave 100 ဆိုင်ကယ် ဝင်ရောက်ခိုးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ ၊ပြည်တော်အေးတိုက် အောက်တွင် ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးအား ယမန်နေ့ (ဧပြီ ၁၉ ရက်) ည ၉ နာရီဝန်းကျင်ခန့်တွ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်ရှိ ၊ပြည်တော်အေးတိုက် အောက်တွင် ရပ်နားထားသည့် ဆိုင်ကယ်တစ်စီးအား ယမန်နေ့ (ဧပြီ ၁၉ ရက်) ည ၉ နာရီဝန်းကျင်ခန့်တွင် လူငယ်တစ်ဦးက ဝင်ရောက်ခိုးယူသွားသည်။ခိုးယူခံရသည့်ဆိုင်ကယ်မှာ အဖြူရောင် Honda Wave 100 အမျိုးအစားဖြစ်ပြီး ဆိုင်ကယ်နံပါတ် SHAN 47232 ဖြစ်ကာ ဆိုင်ကယ်၏ရှေ့တွင် ကလေးထိုင်သည့် ကူရှင်တစ်ခု တပ်ဆင်ထားကြောင်း သိရသည်။ CCTV မှတ်တမ်းများအရ ခိုးယူသူလူငယ်သည် ဖြစ်စဉ်မဖြစ်ပွားမီ နာရီဝက်ခန့်ကတည်းက တိုက်အနီးတွင် အခြေအနေလာရောက် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။အဆိုပါတိုက်တွင် လုံခြုံရေးဝန်ထမ်းရှိသော်လည်း ခိုးယူခံရချိန်တွင် ဝန်ထမ်းမှာ အခန်းတွင်း၌သာ ရှိနေပြီး တိုက်အဝင်တံခါးမကြီးမှာလည်း ပွင့်လျက်ရှိနေခဲ့သည်။




news-view-count-icon

20