back

ဗီယက်နမ်အမျိုးသမီး ၁၈ ဦးကို ကျားဖြန့်ဂိုဏ်းများသို့ ရောင်းစားသည့် ဗီယက်နမ်အမျိုးသမီးအား ထောင် ၁၄ နှစ် ချ

Apr 20 • 3:12 PM

breaking-news

Vietnam

Local News

cover

ဗီယက်နမ်အမျိုးသမီး ၁၈ ဦးကို ကျားဖြန့်ဂိုဏ်းများသို့ ရောင်းစားသည့် ဗီယက်နမ်အမျိုးသမီးအား ထောင် ၁၄ နှစ် ချ

ဗီယက်နမ်နိုင်ငံသူ ၁၈ ဦးအား ထိုင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ဦးစီးသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Compounds) များအတွင်းသို့ ရောင်းစား...

ဗီယက်နမ်နိုင်ငံသူ ၁၈ ဦးအား ထိုင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ဦးစီးသည့် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam Compounds) များအတွင်းသို့ ရောင်းစားခဲ့သည့် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။ အဆိုပါ ရောင်းစားခံရသူများသည် ရိုက်နှက်နှိပ်စက်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခံရမည်ဟူသော ခြိမ်းခြောက်မှုများအောက်တွင် ၎င်းတို့၏ လူမျိုးတူ ဗီယက်နမ်နိုင်ငံသားအချင်းချင်းကို အွန်လိုင်းမှတစ်ဆင့် ပြန်လည် လိမ်လည်ရန် အတင်း အဓမ္မ စေခိုင်းခံခဲ့ရသူများဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၊ ကာမော (Ca Mau) ပြည်နယ် ပြည်သူ့တရားရုံးသည် တရားခံဖြစ်သော အသက် ၂၆ နှစ်အရွယ် လီငေါ့ကွီ (Le Ngoc Quy) ကို လူကုန်ကူးမှုအတွက် ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေညှစ်မှုအတွက် ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ်ကို ဧပြီလ ၁၆ ရက်နေ့က ချမှတ်ခဲ့ခြင်းဖြစ်ပြီး နစ်နာသူများကို ဗီယက်နမ်ဒေါင် သန်း ၃၀၀ နီးပါး (အမေရိကန်ဒေါ်လာ ၁၁,၄၀ဝ ခန့်) လျော်ကြေးပေးရန်လည်း အမိန့်ချမှတ်ခဲ့သည်။





news-view-count-icon

2