အာရှ ယူ-၁၇ အမျိုးသမီး ပြိုင်ပွဲအတွက် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာယူ-၁၇ အမျိုးသမီးဘောလုံးအသင်းသည် ဖိလစ်ပိုင်အသင်း နှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် လေ့ကျင့်ရေး အစီအစဉ်များသာမက ပြိုင်ပွဲကြို ပြင်ဆင်မှုအဖြစ် ဒေသခံ အမျိုးသမီးယူ-၁၇ အသင်း၊ ဖိလစ်ပိုင်ယူ-၁၇ အမျိုးသမီးအသင်းတို့နှင့် ခြေစမ်းပွဲများ ကစားရန်လည်း စီစဉ်ထားကြောင်း သိရသည်။ မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ အုပ်စု (က) တွင် အိမ်ရှင်တရုတ်၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး မေလ ၁ ရက်တွင် တရုတ်နှင့်လည်းကောင်း မေလ ၄ ရက်တွင် ထိုင်းအသင်းနှင့်လည်းကောင်း မေလ ၇ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။



