back

တရုတ်အမျိုးသမီးရဲ့ ဦးနှောက်ထဲကနေ (၈) စင်တီမီတာရှည်တဲ့ ကပ်ပါးကောင်ကို ခွဲစိတ်ဖယ်ထုတ်

Apr 20 • 3:12 PM

breaking-news

China

Local News

cover

တရုတ်အမျိုးသမီးရဲ့ ဦးနှောက်ထဲကနေ (၈) စင်တီမီတာရှည်တဲ့ ကပ်ပါးကောင်ကို ခွဲစိတ်ဖယ်ထုတ်

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ထူးဆန်းတဲ့ ကျန်းမာရေးပြဿနာမျိုးစုံကို ကာလအတန်ကြာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်ထဲကနေ (၈) စင်တီမီတာ (၃ လက်မခွဲနီးပါး) ရှည်တ...

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ထူးဆန်းတဲ့ ကျန်းမာရေးပြဿနာမျိုးစုံကို ကာလအတန်ကြာ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်ထဲကနေ (၈) စင်တီမီတာ (၃ လက်မခွဲနီးပါး) ရှည်တဲ့ ကပ်ပါးကောင်ကြီးကို ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားပေးခဲ့ရပါတယ်။ အသက် (၆၁) နှစ်အရွယ် ဒီအမျိုးသမီးဟာ ယခု ၂၀၂၆ ခုနှစ် ဧပြီလအစောပိုင်းက Guangdong ပြည်နယ်ရှိ ဆေးရုံတစ်ခုမှာ ဦးနှောက်ခွဲစိတ်မှု ခံယူခဲ့ရတာလို့ Shenzhen Evening News သတင်းက ဖော်ပြထားပါတယ်။ ဆရာဝန်တွေရဲ့ ကောက်ချက်ချမှုအရ ဒီကပ်ပါးကောင်ကြီး ဦးနှောက်ထဲမှာ ရှိနေရတာဟာ ဒီအမျိုးသမီး ငယ်စဥ်တုန်းက လုပ်ခဲ့မိတဲ့ အလေ့အထ တစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးရဲ့ ပြောကြားမှုအရ သူမ ဆယ်ကျော်သက်အရွယ်မှာ သွားကိုက်ဝေဒနာ ခံစားခဲ့ရဖူးပါတယ်။ ထိုစဥ်က သူမိခင်ဟာ ရှေးရိုးစွဲ အယူအဆအတိုင်း သွားကိုက်ပျောက်အောင်လို့ဆိုကာ တောထဲကနေ ဖားတစ်ကောင်ကို ဖမ်းလာပြီး ဖားခြေထောက်ကို သူမရဲ့ သွားအခေါင်းပေါက်ထဲ ထည့်ပေးခဲ့တာကို မှတ်မိနေတယ်လို့ ဒီအမျိုးသမီးက ပြောပါတယ်။ ရှေးရိုးစွဲ အယူအဆတွေအရ "ဖားခြေထောက်က သွားထဲမှာရှိတဲ့ သွားပိုးကောင်တွေကို ငါးမျှားသလိုမျိုး ဆွဲထုတ်ပေးနိုင်တယ်" လို့ ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ 




news-view-count-icon

5