back

ဟော်မုဇ်ရေလက်ကြားကနေ ထိုင်းကိုလာတဲ့ ဆီတင်သင်္ဘော အပါအဝင် သင်္ဘော အစီး ၂၀ ကျော် ဖြတ်သန်းလာခဲ့

Apr 20 • 3:10 PM

breaking-news

Thailand

Local News

cover

ဟော်မုဇ်ရေလက်ကြားကနေ ထိုင်းကိုလာတဲ့ ဆီတင်သင်္ဘော အပါအဝင် သင်္ဘော အစီး ၂၀ ကျော် ဖြတ်သန်းလာခဲ့

ဟော်မုဇ် ရေလက်ကြားအတွင်း ဧပြီလ ၁၈ ရက် (စနေနေ့) မှာ သင်္ဘော အစီးရေ ၂၀ ကျော်ဟာ ဘေးကင်းစွာ ဖြတ်သန်းသွားနိုင်ခဲ့တယ်လို့ ရေကြောင်းလေ့လာဆန်းစ-စ်တဲ့ အဖွဲ့အစည်း Kpler က...

ဟော်မုဇ် ရေလက်ကြားအတွင်း ဧပြီလ ၁၈ ရက် (စနေနေ့) မှာ သင်္ဘော အစီးရေ ၂၀ ကျော်ဟာ ဘေးကင်းစွာ ဖြတ်သန်းသွားနိုင်ခဲ့တယ်လို့ ရေကြောင်းလေ့လာဆန်းစ-စ်တဲ့ အဖွဲ့အစည်း Kpler က ပြောပါတယ်။ အဲဒီဗျူဟာမြောက် ရေလမ်းကြောင်းကို သင်္ဘော ပထမဆုံးအကြိမ် အများဆုံး ဖြတ်သန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီသင်္ဘောတွေထဲမှာ အီရန်ကနေ ရေနံနဲ့ သတ္တုပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတွေအပြင် ဘာရိန်းနိုင်ငံကနေ သန့်စင်ပြီး ရေနံထွက်ပစ္စည်းတွေ တင်ဆောင်လာတဲ့ Athina အမည်ရ ရေနံတင်သင်္ဘောလည်း ပါဝင်ပြီး အဲဒီသင်္ဘောဟာ ထိုင်းနိုင်ငံကို ဦးတည်ခုတ်မောင်းနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူအေအီး (UAE) ကနေ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ သီရိလင်္ကာနိုင်ငံတို့ဆီ ကုန်စည်ပို့ဆောင်မယ့် သင်္ဘောတွေ၊ ဆော်ဒီအာရေဗျကနေ ထိုင်ဝမ်နဲ့ အီတလီဆီ သွားမယ့် သင်္ဘောတွေလည်း အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်။




news-view-count-icon

10