ယခုတစ်ပတ်ကျင်းပခဲ့တဲ့ ထိုင်းလိဂ် ပြိုင်ပွဲများမှာ မြန်မာ့လက်ရွေးစင်ကစားသမားများထဲက ထရတ်အသင်းတိုက်စစ်မှူး သန်းပိုင်ဟာ ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရပါတယ်။ သန်းပိုင်ဟာ ဒီရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲမှာ ထရတ်အသင်းအတွက် သွင်းဂိုး (၈) ဂိုးအထိ သွင်းယူပေးထားကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး သန်းပိုင်ရဲ့ ထရတ် အသင်းဟာ အိမ်ကွင်းမှာ ချိုင်နတ်ဟွန်ဘေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (၃-၃) ဂိုးနဲ့ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ သန်းပိုင်ဟာ ထရတ်အသင်းမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပြီး ပွဲကစား ချိန် ၁၀ မိနစ်မှာ ထရတ်အသင်းအတွက် ဦးဆောင်အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရတ်အသင်းဟာ ပွဲကစားချိန် ၆၁ မိနစ်မှာ သန်းပိုင်ကို လူစားလဲခဲ့ကြောင်း သိရပါတယ်။



