back

ထိုင်းဝန်ကြီးချုပ် အနုတင် တက်ရောက်မယ့် ပွဲကို သေနတ် ယူလာတဲ့ မြန်မာအမျိုးသား အဖမ်းခံရ

Apr 20 • 3:08 PM

breaking-news

Thailand

Local News

cover

ထိုင်းဝန်ကြီးချုပ် အနုတင် တက်ရောက်မယ့် ပွဲကို သေနတ် ယူလာတဲ့ မြန်မာအမျိုးသား အဖမ်းခံရ

Chumphon (ချွမ်ဖွန်)ပြည်နယ်၊ Pathio ခရိုင်မှာ ဧပြီလ ၁၈ ရက် ညနေပိုင်းက ကျင်းပတဲ့ "Bang Berd" ဆုမ်ခရန်ပွဲတော်မှာ ကျည်အသင့်ထည့်ထားတဲ့ သေနတ်တစ်လက်နဲ့အတူ မြန်မာနိုင်...

Chumphon (ချွမ်ဖွန်)ပြည်နယ်၊ Pathio ခရိုင်မှာ ဧပြီလ ၁၈ ရက် ညနေပိုင်းက ကျင်းပတဲ့ "Bang Berd" ဆုမ်ခရန်ပွဲတော်မှာ ကျည်အသင့်ထည့်ထားတဲ့ သေနတ်တစ်လက်နဲ့အတူ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါပွဲတော်ဟာ ထိုင်း ဝန်ကြီးချုပ် အနုတင်ကိုယ်တိုင် လာရောက်အဖွင့်အမှာစကား ပြောကြားမယ့် ပွဲဖြစ်တာကြောင့် လုံခြုံရေးတွေကို တင်းကျပ်စွာ ချထားစဉ်မှာပဲ အသက် ၃၀ ဝန်းကျင်ရှိတဲ့ သံသယရှိသူ "ကို" ဆိုသူကို စစ်ဆေးရေးဂိတ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ သူ့ရဲ့ကျောပိုးအိတ်ကို အစစ်ဆေးခံဖို့ ငြင်းဆန်ပြီး အနီးနားက အပန်းဖြေစခန်းရဲ့ အမှောင်ထုထဲကို ခုန်ကျော်ထွက်ပြေးခဲ့ပေမယ့် တာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျောပိုးအိတ်အတွင်း စစ်ဆေးတဲ့အခါမှာတော့ ပစ်ခတ်ဖို့ အသင့်ပြင်ထားတဲ့ ကျည်ဆန်ပါဝင်တဲ့ လက်လုပ်သေနတ်တစ်လက်နဲ့ အပိုကျည် ၅ တောင့်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးခံရသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်းတွေလည်း တစ်ပါတည်း ပါရှိမနေဘူးလို့ သိရပါတယ်။



news-view-count-icon

14