ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာဟာ လာမယ့်မေ ၂၂ ရက်မှာ ကျင်းပမယ့် ONE Friday Fights 155 ပြိုင်ပွဲမှာ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ် ကြောင်း သိရပါတယ်။ ONE Championship ပရိုမိုးရှင်းဟာ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာနဲ့ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတိုတို့ရဲ့ပွဲကို ကစ်ဘောင်ဆင် အက်တမ်ဝိတ်တန်းအဖြစ် ကျင်းပမှာဖြစ်ပါတယ်။ ONE Championship မှာ အမျိုးသမီး ကစ်ဘောင်ဆင် အက်တမ်ဝိတ်တန်းက ၁၁၅ ပေါင်တန်းဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်အမျိုးသမီးဖိုက်တာ ကာနာမိုရီမိုတိုဟာ ကစ်ဘောင်ဆင်ဖိုက်တာဖြစ်ပြီး ONE Championship မှာ လေးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။ ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာဟာ ONE Championship မှာ လေးပွဲထိုးသတ် ထားပြီး သုံးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။



