back

စင်ကာပူနိုင်ငံ Punggol ရှိ HDB တိုက်ခန်းလှေကားခွင်တွင် မသန့်ရှင်းသည့် လုပ်ရပ်ပြုလုပ်ခဲ့သူအား အပြစ်ပေးအရေးယူ

Apr 20 • 3:06 PM

breaking-news

Singapore

Local News

cover

စင်ကာပူနိုင်ငံ Punggol ရှိ HDB တိုက်ခန်းလှေကားခွင်တွင် မသန့်ရှင်းသည့် လုပ်ရပ်ပြုလုပ်ခဲ့သူအား အပြစ်ပေးအရေးယူ

စင်ကာပူနိုင်ငံ၊ Punggol အရပ်ရှိ Block 138 Edgedale Plains မှာရှိတဲ့ HDB တိုက်ခန်းလှေကားခွင်မှာ မသန့်ရှင်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အမျိုး...

စင်ကာပူနိုင်ငံ၊ Punggol အရပ်ရှိ Block 138 Edgedale Plains မှာရှိတဲ့ HDB တိုက်ခန်းလှေကားခွင်မှာ မသန့်ရှင်းတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တဲ့ အမျိုးသားတစ်ဦးကို အမျိုးသားပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (NEA) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အရေးယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါအမျိုးသားဟာ လူအများအသုံးပြုတဲ့ လှေကားထစ်မှာ အညစ်အကြေးစွန့်ပစ်ခဲ့တာကို အိမ်နီးနားချင်းတစ်ဦးရဲ့ CCTV ကနေတစ်ဆင့် အထင်အရှား မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်ရှင်။ NEA ဟာ အဆိုပါပြစ်မှုကျူးလွန်သူကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှာ အမှု ၃ ခုနဲ့ အရေးယူခဲ့ပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာမှာ ဆီးနဲ့ မစင်စွန့်မှု အမှု ၂ ခုအပြင်၊ ဆေးလိပ်သောက်ခွင့် ပိတ်ပင်ထားတဲ့ နေရာမှာ ဆေးလိပ်သောက်ခဲ့တဲ့ အမှု ၁ ခု၊ စုစုပေါင်း အမှု ၃ ခုအတွက် ဒဏ်ငွေ စုစုပေါင်း စင်ကာပူဒေါ်လာ ၈၀၀ ပေးဆောင်စေခဲ့ပါတယ်။ 






news-view-count-icon

5