ယနေ့ ဧပြီလ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များ ပေါက်ကွဲမှု ဖြစ်ပွားဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး မော်တော် ၁၀ စီးကျော်နှင့် ကုန်ကားများပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။လက်ရှိချိန်ထိ မီးကူးစက် လောင်ကျွမ်းနေဆဲဖြစ်ပြီး လူထိခိုက်မှု ရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း၊ ဆီတင်သင်္ဘော မီးလောင်ရာမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများလည်း ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။"ဆီတင်သင်္ဘောပေါက်ကွဲပြီး မီးစလောင်တာလို့ပဲသိရတယ်။ လူတွေ ထိခိုက်မှု ရှိ၊မရှိကိုတော့ မသိရသေးဘူး။ မော်တော် ၁၀ စီးကျော်နဲ့ ကုန်ကားတွေလည်း မီးထဲပါသွားတယ်လို့ပဲ ကြားမိသေးတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။



