menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ပွင့်ဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတိုင်များ ကျိုးပဲ့ပျက်စီး

Apr 20 • 2:09 PM

breaking-news

Myanmar

Magway

Share

share-news
cover

ပွင့်ဖြူမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်အားလိုင်းတိုင်များ ကျိုးပဲ့ပျက်စီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၉ ရက်၊ ညနေ ၅ နာရီခန့်အချိန်၌ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့်...

cover-photo

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၉ ရက်၊ ညနေ ၅ နာရီခန့်အချိန်၌ ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းတိုင်များ ကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရသည်။လေပြင်းတိုက်ခတ်မှုကြောင့် ၁၁ ကေဗွီ ဖီဒါ-၃ (ရှောက်တောဖီဒါ) ဓာတ်အားလိုင်းပေါ်သို့ လမ်းဘေးရှိ ကုက္ကိုပင် ကျိုးကျခဲ့သဖြင့် Single Pole Tension ဓာတ်တိုင်တစ်တိုင် ပျက်စီးခဲ့သည်။ထို့ပြင် ကျောင်းစု-သာဂရကျေးရွာသို့ ဓာတ်အားပေးထားသည့် လိုင်းအပိုင်းတွင်လည်း လေပြင်းဒဏ်ကြောင့် H-Pole Tension ဓာတ်တိုင် ၂ တိုင်နှင့် Suspension တိုင် ၁၇ တိုင် လဲကျကျိုးပဲ့ပျက်စီးခဲ့ကြောင်း သိရသည်။အဆိုပါပျက်စီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၇၀ ခန့်နှင့် မီးသုံးစွဲသူဦးရေ ၈,၀၀၀ ခန့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။






news-view-count-icon

19

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ် အမျိုးသမီးတစ်ဦး ဓါးပြတိုက်ခံရ

ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက်ရှိ ဆိပ်ကမ်းတွင် ဆီတင်မော်တော်များ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်နေ

cover-photo
right-arrow-icon