back

ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ် အမျိုးသမီးတစ်ဦး ဓါးပြတိုက်ခံရ

Apr 20 • 2:08 PM

breaking-news

Myanmar

Kachin

cover

ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ် အမျိုးသမီးတစ်ဦး ဓါးပြတိုက်ခံရ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ (မမုံ) ရှမ်းစုကျေးရွာနေထိုင်သူ မမီမီကိုသည် မှော်စီစာကျေးရွာအုပ်စု၊ ဆိုင်းဘွမ်(ခ) ဆောင်းချိန်ကျေးရွာမှ အိမ်ငှားခ သွားယူပြီး...

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ (မမုံ) ရှမ်းစုကျေးရွာနေထိုင်သူ မမီမီကိုသည် မှော်စီစာကျေးရွာအုပ်စု၊ ဆိုင်းဘွမ်(ခ) ဆောင်းချိန်ကျေးရွာမှ အိမ်ငှားခ သွားယူပြီး ပြန်လာစဉ် ယနေ့နေ့ခင်း (၁၂)နာရီခန့်က နမ္မဖြစ်နှင့်မှော်စီစာကျေးရွာကြား "မြန်မာ့ဟန်" ဆီဆိုင်အနီး ဓါးပြတိုက်ခံရကြောင်း သိရသည်။သုံးနှစ်အရွယ်ကလေးငယ်နှင့် မမီမီကိုအား ဆိုင်ကယ်သုံးစီးနှင့်အမျိုးသား ခုနှစ်ဦးက ဓါးပြတိုက်ခဲ့ခြင်းဖြစ်ပြီး ဓါးပြတစ်ဦး၏လက်ဖမိုးတွင် မြွေပုံ(သို့)နဂါးပုံ တက်တူးထိုးထားကြောင်း သိရသည်။ဓါးပြတိုက်ခံရသည့်အတွက် စီးလာသည့် KENBO အနီ‌ရောင် အသစ်တစ်စီး၊ ဖုန်းတစ်လုံး၊ ငွေသား ခုနှစ်သိန်းဆုံးရှုံးခဲ့ရပြီး ဆိုင်ကယ်ကယ်ရီသမားတစ်ဦးအား အကျိုးအကြောင်းပြောပြ အကူအညီတောင်းပြီး ပြန်လာခဲ့ရသည်။မမီမီကို ဆောင်းချိန်ကျေးရွာ၌ အိမ်ငှားခကောက်ယူစဉ် အမျိုးသားအချို့က စောင့်ကြည့်နေသည်ဟု ခံစားရကြောင်းနှင့် အပြန်လမ်း၌ တုတ်၊ ဓါးများကိုင်ဆောင်ကာ ဓါးပြတိုက်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်၏ ထွက်ဆိုမှုအရ သိရသည်။






news-view-count-icon

18