back

သက်ကြီး သဘင်အနုပညာရှင် တွေ အတွက် အိမ်ယာလှူတန်း ပေးဖို့ ပြင်ဆင်နေတဲ့သဘင်ဥက္ကဌ ဖိုးချစ်

Apr 20 • 2:47 PM

breaking-news

Myanmar

Local

cover

သက်ကြီး သဘင်အနုပညာရှင် တွေ အတွက် အိမ်ယာလှူတန်း ပေးဖို့ ပြင်ဆင်နေတဲ့သဘင်ဥက္ကဌ ဖိုးချစ်

ဇာတ်သဘင်လောကဆိုတာ ညကြေး နည်းနည်းလေးနဲ့ ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ရတဲ့ အလုပ်ဖြစ်တာကြောင့် အစကတည်းက ဝင်ငွေနည်းပါးကြပါတယ်။ဒီလို လက်တွေ့ကျတဲ့ အခက်အခဲတွေကို ကိုယ်ချ...

ဇာတ်သဘင်လောကဆိုတာ ညကြေး နည်းနည်းလေးနဲ့ ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ရတဲ့ အလုပ်ဖြစ်တာကြောင့် အစကတည်းက ဝင်ငွေနည်းပါးကြပါတယ်။ဒီလို လက်တွေ့ကျတဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာ သိမြင်တဲ့ ဥက္ကဋ္ဌ ဖိုးချစ်ကတော့ ကိုယ်ကျိုးစွန့်ပြီး သက်ကြီး ပညာရှင်တွေ အေးချမ်းစွာ နားခိုနိုင်ဖို့အတွက် "သဘင်အိမ်ရာ စီမံကိန်း" ကို မွန်မြတ်တဲ့ စိတ်ထားနဲ့ စတင် အကောင်အထည်ဖော် ဆောက်လုပ်ပေးတော့မှာ ဖြစ်ပါတယ်။

တချို့က သူ့ကို သဘင်ဥက္ကဋ္ဌ ရာထူးကို အသုံးချချင်လို့ ယူထားတာဆိုပြီး စွပ်စွဲ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖိုးချစ်ကတော့ သူ့အနေနဲ့ ဒီသဘင်အိမ်ရာ စီမံကိန်းကြီး အောင်မြင်စွာ ပြီးစီးသွားရင် ဥက္ကဋ္ဌ ရာထူးကနေ အနားယူတော့မယ်လို့ ပြတ်ပြတ်သားသား တုံ့ပြန်ပြောဆိုထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့ အခါသမယမှာလည်း သဘင်လောကသားတွေအတွက် ငွေကြေးနဲ့ စားသောက်ကုန်တွေ ထောက်ပံ့ လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။




news-view-count-icon

31