ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ရန်ကုန်နှင့် မန္တလေးမြို့များ ပြေးဆွဲနေသော အဝေးပြေးယာဉ်လိုင်းစီးနင်းခ ဈေးနှုန်းများ ဆက်လက် မြင့်တက်နေလျက် ရှိသည်ဟု သိရသည်။တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော ယာဉ်လိုင်းများအလိုက် ယာဉ်စီးနင်းခများမှာ ယာဉ်လိုင်းနှင့် ယာဉ်အမျိုးအစားအပေါ် မူတည်၍ အနိမ့်ဆုံး ၇၅,၀၀၀ ကျပ်မှ ၂၈၀၀၀၀ ကျပ်ထိ ရှိနေပြီး ယခင်လ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ၁၀,၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ထို့အတူ တောင်ကြီးမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော ယာဉ်စီးနင်းခများမှာ ၆၅၀၀၀ ကျပ် ဝန်းကျင်ထိ ဖြစ်ကာ ယခင်လထက် ၁၀,၀၀၀ ကျပ်ကျော် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
| 17 | 0 | 0 | 0 |


