မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု တစ်ခုမှာ ရေပေါ် ခြေတံရှည်အိမ် အများစု အပါအဝင် အိမ်ခြေ ၁,၀၀၀ ကျော်လောက် ပြာကျသွားခဲ့ပါတယ်။ဧပြီ ၁၉ ရက်နေ့က ဆာဘားပြည်နယ်ရဲ့ ကမ်းရိုးတန်း ကျေးရွာတစ်ခုမှာ ကြုံခဲ့ရတဲ့ မီးလောင်မှုဟာ လူပေါင်း ၉,၀၀၀ ကျော်ကို ထိခိုက်စေခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခုလို့ ဆန်ဒါကန်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျော့ဂျ်အက်ဘ်ဒ် ရက်ခ်မန်းက ပြောကြားခဲ့ပါတယ်။အိမ်တွေက ပြွတ်သိပ်နေခဲ့ပြီး မီးသတ်ကားနဲ့ မီးသတ်လှေတွေ ဝင်လို့မရတာကြောင့်လည်း အဆုံးအရှုံး ပိုများသွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်တာဟာ ဒီရေကျနေချိန်မှာ ဖြစ်တာကြောင့်လည်း ပင်လယ်ပြင်ကနေ မီးသတ်ရေယာဉ်တွေ ပို့ဆောင်ဖို့ ခက်ခဲခဲ့တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။မီးဘေးဒုက္ခသည်တွေကိုတော့ လောလောဆယ် အရေးပေါ် ယာယီ ရွှေ့ပြောင်းပေးထားရပြီး သူတို့ရဲ့ နေရာထိုင်ခင်းကို ထိထိရောက်ရောက် စီစဉ်ပေးဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။
| 14 | 0 | 0 | 0 |


