ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၂၆ယူ-၂၀ အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံး ဂျပန်အသင်းက ထပ်မံဗိုလ်စွဲခဲ့ပါတယ်။ဗိုလ်လုပွဲမှာ ဂျပန်နဲ့ မြောက်ကိုရီးယားအသင်းတို့ ဆုံတွေ့ခဲ့ပြီး ဂျပန်အသင်းက ၁-၀ ဂိုးနဲ့နိုင်ကာ ချန်ပီယံဖြစ်ခဲ့တာပါ။ဂျပန်အသင်းဟာ အုပ်စုအဆင့်ကနေ ဗိုလ်လုပွဲအထိ ပွဲတိုင်းအနိုင်ရပြီး ခြောက်ပွဲကစား ၂၁ ဂိုးသွင်းကာ နှစ်ဂိုးသာ ပြန်ပေးခဲ့ရပါတယ်။ဂျပန်အသင်းဟာ အခုပြိုင်ပွဲမတိုင်ခင် ၂၀၀၂၊ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၇နဲ့ ၂၀၁၉ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့လို့ ခုနစ်ကြိမ်မြောက် ဗိုလ်စွဲခဲ့တာပါ။ဂျပန်အနေနဲ့ ပြိုင်ပွဲနောက်ဆုံး ငါးကြိမ်မှာ လေးကြိမ် အပါအဝင် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ဆီမီးဖိုင်နယ်မှာ အရေးနိမ့်ခဲ့တဲ့ တရုတ်နဲ့ တောင်ကိုရီးယားအသင်းတွေကတော့ ပူးတွဲတတိယ ရရှိခဲ့ပါတယ်။



