ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၂၅-၂၆ ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲပြီးဆုံးဖို့(၄)ပွဲအလိုမှာပဲ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ စတုဂတ်နဲ့ပွဲမှာ (၄-၂)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် (၄)ပွဲအလိုမှာ ဒုတိယနေရာက ဒေါ့မွန်အသင်းကို (၁၅)မှတ်ဖြတ်ပြီး ချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။ဒါကြောင့် ဘွန်ဒစ်လီဂါချန်ပီယံဆုကို နောက်ဆုံး(၁၄)ရာသီအတွင်း (၁၃)ကြိမ်မြောက် ရရှိခြင်းဖြစ်ခဲ့သလို၊ အသင်းရဲ့သမိုင်းတစ်လျှောက် (၃၅)ကြိမ်မြောက်ရရှိတဲ့ အမှတ်ပေးချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီမှာ ဘွန်ဒစ်လီဂါသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးအသင်းအဖြစ် စံချိန်တင်ခဲ့ပြီး လက်ရှိအချိန်မှာ (၁၀၉)ဂိုး သွင်းယူထားတာကြောင့် ရာသီအဆုံးသတ်ချိန်မှာ ဂိုး(၁၂၀)အထိ သွင်းယူနိုင်ခြေရှိကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ဂျာမန်ဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ရောက်ရှိနေတာကြောင့် ဒီရာသီမှာ ဖလားသုံးလုံးမျှော်လင့်ချက်လည်း ရှိနေပြီး ပြိုင်ပွဲစုံမှာ (၅၁)ဂိုးသွင်းယူပေးထားတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကတော့ ယှဉ်ပြိုင်ကစားရမယ့် ပွဲတွေအများကြီး ကျန်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
Apr 20 • 2:47 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


